-
ယေရမိ ၅:၂၆-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ ငါ့လူတွေထဲမှာ ဆိုးသွမ်းသူတွေရှိတယ်။
ဝပ်နေတဲ့ ငှက်ဖမ်းသမားလို သူတို့ချောင်းနေတယ်။
သေစေနိုင်တဲ့ ထောင်ချောက်ကို ဆင်ပြီး လူတွေကို ဖမ်းကြတယ်။
၂၇ လှောင်အိမ်မှာ ငှက်တွေ ပြည့်နေသလို သူတို့အိမ်မှာ လှည့်စားမှုတွေ ပြည့်နေတယ်။+
ဒါကြောင့် သူတို့ တန်ခိုးထွားပြီး ချမ်းသာနေတာ။
၂၈ စိုပြည်ဝဖြိုးနေတယ်။
သူတို့ရဲ့မကောင်းမှုဟာ အတောမသတ်နိုင်အောင်ပဲ။
ဖတဆိုးလေးရဲ့အမှုကို လျှောက်လဲပေးမယ့်အစား+
ကိုယ်အောင်မြင်ဖို့ပဲ လုပ်ကြတယ်။
ဆင်းရဲသားတွေကို တရားမျှတစွာ မစီရင်ပေးဘူး။’”+
-
-
မိက္ခာ ၂:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “ဘေးဖြစ်စေတဲ့အရာကို ကြံစည်နေသူတွေ၊
မကောင်းမှုကျူးလွန်ဖို့ အိပ်ရာပေါ်မှာ တွေးနေသူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ကြံစည်ထားသလို လုပ်နိုင်စွမ်းရှိတဲ့အတွက်+
မနက်မိုးလင်းတဲ့အခါ အဲဒီအတိုင်း လုပ်ကြတယ်။
၂ လယ်ယာတွေကို တပ်မက်ပြီး သိမ်းယူကြတယ်။+
အိမ်တွေကိုလည်း သိမ်းယူကြတယ်။
လူတွေကို ဖြတ်စားလျှပ်စား လုပ်ပြီး+
အိမ်တွေ၊ အမွေဥစ္စာတွေ သိမ်းယူကြတယ်။
-
-
မိက္ခာ ၆:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ လူဆိုးရဲ့အိမ်မှာ မသမာနည်းနဲ့ရှာထားတဲ့ ပစ္စည်းဥစ္စာတွေ၊
အလေးမပြည့်တဲ့ ရွံမုန်းစရာ ဧဖာတောင်းတွေ* ရှိသေးလား။
-