-
ယေဇကျေလ ၈:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ သူက “လူသား၊ မြောက်အရပ်ကို ကြည့်လိုက်ပါဦး” လို့ပြောတယ်။ ကျွန်တော်လည်း မြောက်အရပ်ကို ကြည့်လိုက်တဲ့အခါ ပူဇော်ရာပလ္လင်ရဲ့ မြောက်ဘက်တံခါးပေါက်မှာ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တုရှိနေတယ်။ ၆ သူက “လူသား၊ သန့်ရှင်းရာဌာနတော်ကို ငါစွန့်သွားအောင် အစ္စရေးအမျိုးလုပ်နေတဲ့ ရွံစရာတွေကို မြင်သလား။+ ဒီထက်ရွံစရာကောင်းတာတွေကို မြင်ရဦးမယ်”+ လို့ ပြောတယ်။
-