-
ယေဇကျေလ ၃၇:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ မင်းပြန်ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ဧဖရိမ်လက်ထဲက ယောသပ်ရဲ့တုတ်ချောင်းကို ငါယူမယ်။ အဲဒီတုတ်ချောင်းဟာ ဧဖရိမ်နဲ့အတူရှိနေတဲ့ အစ္စရေးအနွယ်တွေကိုလည်း ကိုယ်စားပြုတယ်။ ငါက သူတို့ကို ယုဒရဲ့တုတ်ချောင်းနဲ့ ဆက်ပေးပြီး တုတ်တစ်ချောင်းတည်း ဖြစ်စေမယ်။+ သူတို့ဟာ ငါ့လက်ထဲမှာ တုတ်တစ်ချောင်းတည်း ဖြစ်ရလိမ့်မယ်။”’
-