၁၅ နောက်ဆုံးတော့ ဧလုလ ၂၅ ရက်နေ့မှာ မြို့ရိုး တည်ဆောက်ပြီးသွားတယ်။ ၅၂ ရက်ကြာ ဆောက်လုပ်ခဲ့ကြတယ်။
၁၆ ဒီသတင်းကို ရန်သူတွေ ကြားတဲ့အခါ၊ ပတ်ဝန်းကျင်လူမျိုးတွေ မြင်တဲ့အခါ အကြီးအကျယ် အရှက်ရသွားကြတယ်။+ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ အကူအညီနဲ့ ဒီအလုပ်ပြီးစီးသွားမှန်း သဘောပေါက်သွားကြတယ်။