ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရမိ ၁၅:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ အဲဒီအပြင် ယေဟောဝါက “ငါက ဒီလူတွေအလယ်မှာ မင်းကို ခိုင်ခံ့တဲ့ ကြေးနီမြို့ရိုး ဖြစ်စေမယ်။+

      မင်းကို သူတို့ ကျိန်းသေတိုက်ခိုက်ကြမယ်။

      ဒါပေမဲ့ အနိုင်ရမှာ မဟုတ်ဘူး။+

      မင်းကို ကယ်တင်ဖို့၊ ကယ်ဆယ်ဖို့ မင်းနဲ့အတူ ငါရှိတယ်။

  • ယေရမိ ၃၂:၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ အဲဒီအချိန်မှာ ဂျေရုဆလင်ကို ဗာဗုလုန်တပ်တွေ ဝိုင်းထားတယ်။ ပရောဖက်ယေရမိကတော့ ယုဒဘုရင်ရဲ့ နန်းတော်ထဲက အစောင့်ရင်ပြင်မှာ+ အချုပ်ကျနေရတယ်။

  • ယေရမိ ၃၃:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ အစောင့်ရင်ပြင်မှာ ယေရမိ အချုပ်ခံနေရတုန်း+ ယေဟောဝါက ယေရမိကို နောက်တစ်ကြိမ် ပြောတယ်–

  • ယေရမိ ၃၇:၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ ဒါကြောင့် ဘုရင်ဇေဒကိက ယေရမိကို အစောင့်ရင်ပြင်မှာ ချုပ်ထားဖို့ အမိန့်ပေးလိုက်တယ်။+ မြို့ထဲမှာ မုန့်မကုန်မချင်း+ မုန့်သည်တန်းကနေ မုန့်တစ်လုံးကို သူစားဖို့ နေ့တိုင်းပေးတယ်။+ ဒီလိုနဲ့ ယေရမိက အစောင့်ရင်ပြင်မှာ ဆက်နေရတယ်။

  • ယေရမိ ၃၉:၁၃၊ ၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ ဒါကြောင့် ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်၊ ရာဗသာရိတ် နေဗုရှာဇဗန်၊ ရာမဂ် နေဂဲရှရေဇာနဲ့ ဗာဗုလုန်အရာရှိတွေက လူလွှတ်ပြီး၊ ၁၄ ယေရမိကို အစောင့်ရင်ပြင်ကနေ ခေါ်ထုတ်တယ်။+ အဲဒီနောက် ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီမှာ+ အပ်ပြီး ဂေဒလိရဲ့အိမ်ကို ခေါ်သွားခိုင်းတယ်။ ဒါကြောင့် ယေရမိက ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ရတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ