-
ယေရမိ ၃၉:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ဒါကြောင့် ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်၊ ရာဗသာရိတ် နေဗုရှာဇဗန်၊ ရာမဂ် နေဂဲရှရေဇာနဲ့ ဗာဗုလုန်အရာရှိတွေက လူလွှတ်ပြီး၊ ၁၄ ယေရမိကို အစောင့်ရင်ပြင်ကနေ ခေါ်ထုတ်တယ်။+ အဲဒီနောက် ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီမှာ+ အပ်ပြီး ဂေဒလိရဲ့အိမ်ကို ခေါ်သွားခိုင်းတယ်။ ဒါကြောင့် ယေရမိက ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ရတယ်။
-
-
ယေရမိ ၄၁:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ နာသနိရဲ့သား အိရှမေလနဲ့ လူဆယ်ယောက်က ရှာဖန်ရဲ့မြေး၊ အဟိကံရဲ့သား ဂေဒလိကို ဓားနဲ့လုပ်ကြံတယ်။ ဒီလိုနဲ့ ပြည်ကိုကြီးကြပ်ဖို့ ဗာဗုလုန်ဘုရင် ခန့်အပ်ထားသူကို သတ်ပစ်တယ်။
-