၁၃ ကာရာရဲ့သား ယောဟနန်နဲ့ တောထဲရောက်နေတဲ့ ဗိုလ်ချုပ်တွေဟာ မိဇပါမြို့မှာရှိတဲ့ ဂေဒလိဆီ ရောက်လာပြီး၊ ၁၄ “အမ္မုန်ဘုရင်+ ဗာလိတ်က ခင်ဗျားကိုသတ်ဖို့ နာသနိရဲ့သား အိရှမေလကို လွှတ်လိုက်တာ+ မသိဘူးလား” လို့ ပြောကြတယ်။ ဒါပေမဲ့ အဟိကံရဲ့သား ဂေဒလိက သူတို့ပြောတာကို မယုံဘူး။