-
ယေရမိ ၃၈:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ အဲဒီအခါ မင်းညီမင်းသားတွေက ဘုရင်ကို “အရှင်မင်းကြီး၊ ဒီလူကို ကွပ်မျက်လိုက်ပါ။+ သူက ဒီမြို့မှာ ကျန်ကြွင်းတဲ့ စစ်သည်တွေ၊ လူတွေကို စိတ်ဓာတ်ကျအောင် ပြောနေတယ်။ လူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာကို မလိုလားဘဲ ဘေးဆိုးကြုံရမှာကိုပဲ လိုလားနေတယ်” ဆိုပြီး လျှောက်တင်တယ်။
-
-
ယေရမိ ၃၈:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ဒီတော့ သူတို့က ယေရမိကို ခေါ်သွားပြီး အစောင့်ရင်ပြင်မှာရှိတဲ့+ သားတော် မာလခိယရဲ့ ရေလှောင်ကန်ထဲ ကြိုးနဲ့ လျှောချလိုက်တယ်။ အဲဒီရေလှောင်ကန်ထဲမှာ ရေမရှိဘဲ ရွှံ့နွံတွေပဲ ရှိတယ်။ ဒါကြောင့် ယေရမိက ရွှံ့နွံထဲမှာ နစ်နေတော့တယ်။
-