ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရမိ ၂၅:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ဒါနဲ့ ကျွန်တော်က ယေဟောဝါလက်ထဲက ခွက်ကိုယူပြီး ယေဟောဝါ စေလွှတ်တဲ့အတိုင်း လူမျိုးအားလုံးကို သောက်ခိုင်းတယ်။+

  • ယေရမိ ၂၅:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ အီဂျစ်ပြည်မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေ၊ ဥဇပြည်ရဲ့ ဘုရင်တွေ၊ ဖိလိတိဘုရင်တွေဖြစ်တဲ့+ အာရှကေလုန်ဘုရင်၊+ ဂါဇာဘုရင်၊ ဧကြုန်ဘုရင်၊ အာဇုတ်မြို့မှာကျန်ကြွင်းတဲ့သူတွေ၊

  • ယေဇကျေလ ၂၅:၁၅၊ ၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘ဖိလိတိလူတွေက အစ္စရေးတွေအပေါ် ရန်ငြိုးမပြေနိုင်တဲ့အတွက် လက်စားချေဖျက်ဆီးဖို့ မလိုတမာစိတ်နဲ့ ကြိုးစားတယ်။+ ၁၆ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “ငါ့လက်ကို ဆန့်ပြီး ဖိလိတိလူတွေကို ဒဏ်ခတ်မယ်။+ ခေရသိလူမျိုးကို ပယ်ရှင်းမယ်။+ ပင်လယ်ကမ်းရိုးတန်းမှာ ကျန်နေသေးတဲ့ လူတွေကိုလည်း ဖျက်ဆီးမယ်။+

  • အာမုတ် ၁:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ယေဟောဝါ ပြောတာက–

      ‘“ဂါဇာမြို့ရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။

      သူတို့က ပြည်နှင်ခံတွေကို ဖမ်းခေါ်သွားပြီး+ ဧဒုံလက်ထဲ အပ်ခဲ့တယ်။

  • ဇေဖနိ ၂:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၄ ဂါဇာမြို့ဟာ စွန့်ပစ်ခံရလိမ့်မယ်။

      အာရှကေလုန်မြို့ ပျက်စီးသွားမယ်။+

      အာဇုတ်မြို့သားတွေ မွန်းတည့်ချိန်မှာ မောင်းထုတ်ခံရလိမ့်မယ်။

      ဧကြုန်မြို့ နုတ်ပစ်ခံရလိမ့်မယ်။+

  • ဇာခရိ ၉:၅၊ ၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၅ အာရှကေလုန်မြို့က အဲဒါကိုမြင်ပြီး ကြောက်သွားမယ်။

      ဂါဇာမြို့က အကြီးအကျယ် ဝေဒနာခံစားရလိမ့်မယ်။

      ဧကြုန်မြို့ကလည်း သူမျှော်လင့်အားထားရာ အရှက်ကွဲသွားလို့ အကြီးအကျယ် ဝေဒနာခံစားရလိမ့်မယ်။

      ဂါဇာမြို့ရဲ့ဘုရင် ဖယ်ရှားခံရလိမ့်မယ်။

      အာရှကေလုန်မြို့မှာ နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+

       ၆ တရားဝင်လက်မထပ်ဘဲ မွေးတဲ့သားက အာဇုတ်မြို့မှာ အခြေချလိမ့်မယ်။

      ဖိလိတိရဲ့မာနကို ငါချိုးမယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ