-
ယေရမိ ၂၃:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက မိမိလူတွေကို ထိန်းကျောင်းနေတဲ့ သိုးထိန်းတွေကို “မင်းတို့က ငါ့သိုးတွေကို တကွဲတပြား ဖြစ်စေတယ်။ သူတို့ကို ဂရုမစိုက်ဘူး”+ လို့ပြောတယ်။
“မင်းတို့ရဲ့ မကောင်းတဲ့အကျင့်တွေကြောင့် ငါအရေးယူမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
-
-
ယေဇကျေလ ၃၄:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ တောင်တန်း၊ တောင်ကုန်းတွေပေါ်မှာ ငါ့သိုးတွေ လမ်းလွဲနေတယ်။ မြေတစ်ပြင်လုံးမှာ ကွဲလွင့်နေတယ်။ အဲဒီသိုးတွေကို လိုက်ရှာတဲ့သူ၊ ရှာဖို့ကြိုးစားတဲ့သူ တစ်ယောက်မှမရှိဘူး။
-