-
ဧဇရ ၉:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ဆုတောင်းလိုက်တာက “အို ဘုရားသခင်၊ ကျွန်တော်ရှက်လွန်းလို့ ကိုယ်တော့်ကို မျက်နှာမပြရဲပါဘူး။ ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ အမှားတွေ ခေါင်းကိုလွှမ်းမိုးတဲ့အထိ များနေပြီ။ ကျွန်တော်တို့ရဲ့ အပြစ်တွေ ကောင်းကင်အထိတောင် ရောက်နေပြီ။+
-
-
နေဟမိ ၉:၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ ကျွန်တော်တို့ကို ကိုယ်တော် ပြစ်ဒဏ်ပေးတာ တရားပါတယ်။ ကိုယ်တော်က သစ္စာရှိရှိ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ကသာ မိုက်မိုက်မဲမဲ လုပ်ခဲ့တာပါ။+
-
-
ဒံယေလ ၉:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ကျွန်တော်တို့ ပြစ်မှားပါပြီ။ မကောင်းမှု ကျူးလွန်ပြီး ဆိုးညစ်စွာ လုပ်ဆောင်ခဲ့ပါပြီ။ ကိုယ်တော့်ကို ပုန်ကန်ခဲ့ပါပြီ။+ ပညတ်ချက်တွေ၊ တရားစီရင်ချက်တွေကနေ လမ်းလွဲခဲ့ပါပြီ။
-
-
ဒံယေလ ၉:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ “ယေဟောဝါဘုရား၊ ကိုယ်တော့်ကို ပြစ်မှားခဲ့တဲ့အတွက် ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ ဘိုးဘေးတွေအပါအဝင် ကျွန်တော်တို့အားလုံး အရှက်တကွဲ ဖြစ်နေရပါတယ်။
-