-
ယေဇကျေလ ၂၅:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘ယုဒအမျိုးကို ဧဒုံလူမျိုး လက်စားချေခဲ့တယ်။ အဲဒီလို လက်စားချေတဲ့အတွက် သူ့မှာ ကြီးလေးတဲ့အပြစ် ရှိတယ်။+ ၁၃ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “ငါ့လက်ကိုဆန့်ပြီး ဧဒုံလူမျိုးကို ဒဏ်ခတ်မယ်။ ပြည်ထဲက လူသူတိရစ္ဆာန်တွေကို ပယ်ရှင်းပြီး လူသူကင်းမဲ့စေမယ်။+ တေမန်မြို့ကနေ ဒေဒန်အရပ်အထိ ဓားဘေးကြောင့် ကျဆုံးသွားလိမ့်မယ်။+
-