-
ယေရမိ ၂၀:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ပါရှုရ၊ မင်းက လူတွေကို လိမ်ညာပြီး ပရောဖက်ပြုခဲ့တဲ့အတွက် ကိုယ်တိုင်ရော မင်းရဲ့ အိမ်မှာနေထိုင်သူအားလုံး သုံ့ပန်းဘဝ ရောက်သွားမယ်။ ဗာဗုလုန်ကို ရောက်ပြီး အဲဒီမှာ သေရမယ်။ မိတ်ဆွေအားလုံးနဲ့အတူ အဲဒီမှာ သင်္ဂြိုဟ်ခံရမယ်။’”+
-
-
ယေရမိ ၂၉:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ငါ့နာမည်သုံးပြီး လိမ်ညာပရောဖက်ပြုနေတဲ့+ ကောလာယရဲ့သား အာဟပ်၊ မာသေယရဲ့သား ဇေဒကိနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘သူတို့ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။ အဲဒီဘုရင်က မင်းတို့ရှေ့မှာပဲ သူတို့ကို ကွပ်မျက်လိမ့်မယ်။
-
-
ယေဇကျေလ ၁၃:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ဘာစိတ်အာရုံမှ မမြင်ဘဲနဲ့ ကိုယ့်သဘောအတိုင်း ဟောနေတဲ့ မိုက်မဲတဲ့ပရောဖက်တွေ အဖြစ်ဆိုးကြုံရမယ်။+
-