-
မဿဲ ၂:၁၆-၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ဟေရုဒ်မင်းက နက္ခတ်ဗေဒင်ဆရာတွေ လိမ်ညာမှန်းလည်းသိရော အကြီးအကျယ် ဒေါသထွက်သွားတယ်။ ဒါကြောင့် နက္ခတ်ဗေဒင်ဆရာတွေဆီ အတိအကျမေးထားတဲ့ အချိန်ကို တွက်ချက်ပြီးနောက်+ သူ့လူတွေကိုလွှတ်ပြီး ဘက်သလီဟင်မြို့နဲ့ ပတ်ဝန်းကျင်အရပ်ရပ်မှာရှိတဲ့ အသက်နှစ်နှစ်နဲ့ နှစ်နှစ်အောက် သားယောက်ျား မှန်သမျှကို သတ်ခိုင်းတယ်။ ၁၇ ပရောဖက် ယေရမိကတစ်ဆင့် ဘုရားပြောခဲ့တဲ့စကား ပြည့်စုံလာတယ်– ၁၈ “ရာမအရပ်မှာ အကြီးအကျယ် ငိုကြွေးမြည်တမ်းသံကို ကြားနေရတယ်။ ရာခေလက+ သားသမီးတွေအတွက် ငိုကြွေးနေတယ်။ သူတို့ မရှိတော့တဲ့အတွက် နှစ်သိမ့်ပေးလို့ မရနိုင်အောင် ဖြစ်နေတယ်”+ ဆိုတဲ့စကားပဲ။
-