-
တရားဟောရာ ၃၀:၈-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ “ခင်ဗျားတို့လည်း ပြန်လှည့်လာပြီး ယေဟောဝါရဲ့ စကားကို နားထောင်ကြလိမ့်မယ်၊ အခု ကျွန်တော်မှာကြားနေတဲ့ ပညတ်ချက်အားလုံးကို လိုက်နာကြလိမ့်မယ်။ ၉ ယေဟောဝါဘုရားက ခင်ဗျားတို့ လုပ်ဆောင်သမျှမှာ အောင်မြင်ကြီးပွားစေမယ်။+ သားသမီးတွေ၊ တိရစ္ဆာန်တွေ၊ မြေထွက်သီးနှံတွေကို များပြားစေမယ်။ ယေဟောဝါက ဘိုးဘေးတွေ ကောင်းစားအောင် လုပ်ပေးရတာကို နှစ်သက်ခဲ့သလို ခင်ဗျားတို့ ကောင်းစားအောင် လုပ်ပေးရတာကိုလည်း နှစ်သက်လိမ့်မယ်။+ ၁၀ အဲဒီအခါ ခင်ဗျားတို့လည်း ယေဟောဝါဘုရားရဲ့ စကားကို နားထောင်ပြီး ဒီပညတ်ကျမ်းမှာ ရေးထားတဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာလိမ့်မယ်။ ယေဟောဝါဘုရားဆီ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ပြန်လာကြလိမ့်မယ်။+
-
-
ယေဇကျေလ ၃၆:၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ ငါ့စွမ်းအားတော်ကို မင်းတို့ရင်ထဲရောက်အောင် သွင်းပေးမယ်။ မင်းတို့ကို ငါ့စည်းမျဉ်းတွေအတိုင်း လိုက်လျှောက်စေမယ်။+ ငါ့တရားစီရင်ချက်တွေကို မင်းတို့ လိုက်နာစောင့်ထိန်းကြလိမ့်မယ်။
-