-
၂ ဘုရင်များ ၁၉:၁၇-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ယေဟောဝါဘုရား၊ အဆီးရီးယားဘုရင်တွေက လူမျိုးတွေနဲ့တိုင်းပြည်တွေကို ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။+ ၁၈ အဲဒီလူမျိုးတွေရဲ့ ဘုရားတွေကိုလည်း မီးရှို့ခဲ့ကြတယ်။ အဲဒီဘုရားတွေဟာ လူ့လက်နဲ့လုပ်ထားတဲ့အရာတွေ၊+ သစ်သားတွေ၊ ကျောက်တွေပဲ။ ဘုရားမှ မဟုတ်တာ။+ ဒါကြောင့် အဆီးရီးယားတွေ ဖျက်ဆီးနိုင်ခဲ့တာပါ။ ၁၉ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ အခု အဆီးရီးယားဘုရင်ရဲ့ လက်ထဲကနေ ကယ်တင်ပေးပါ။ ဒါမှ ယေဟောဝါ တစ်ပါးတည်းသာ ဘုရားသခင်ဖြစ်မှန်း ကမ္ဘာ့တိုင်းနိုင်ငံအားလုံး သိကြပါလိမ့်မယ်။”+
-
-
ယေဇကျေလ ၃၉:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ “‘ငါ့ဘုန်းတန်ခိုးကို လူမျိုးတွေအလယ်မှာ ထင်ရှားစေမယ်။ လူမျိုးတွေက ငါချမှတ်တဲ့ တရားစီရင်ချက်၊ ငါပြတဲ့တန်ခိုးကို မြင်ရလိမ့်မယ်။+
-