-
တောလည်ရာ ၁၆:၃၉၊ ၄၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ ပုရောဟိတ်ဧလာဇာလည်း မီးလောင်ပြီးသေသွားသူတွေရဲ့ ကြေးနီမီးခဲခွက်တွေကို ယူပြီး ပူဇော်ရာပလ္လင်ကို တစ်လွှာထပ်အုပ်ဖို့ ကြေးနီပြားတွေ လုပ်လိုက်တယ်။ ၄၀ မောရှေကတစ်ဆင့် ယေဟောဝါပြောခဲ့တဲ့အတိုင်း လုပ်တယ်။ ဒါဟာ အာရုန်ရဲ့သားမြေးမဟုတ်တဲ့ အခွင့်မရှိသူ* တစ်ယောက်မှ ယေဟောဝါရှေ့လာပြီး နံ့သာပေါင်းကို မီးမရှို့စေဖို့၊+ ကောရနဲ့ အပေါင်းပါတွေလို မဖြစ်စေဖို့+ အစ္စရေးတွေအတွက် သတိပေးချက်ပဲ။
-
-
ယေဇကျေလ ၄၄:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အစ္စရေးအမျိုးက ငါ့ဆီကနေ လမ်းလွဲခဲ့ပေမဲ့ လေဝိအနွယ် ပုရောဟိတ်တွေဖြစ်တဲ့ ဇာဒုတ်ရဲ့သားတွေကတော့+ သန့်ရှင်းရာဌာနတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။+ ဒါကြောင့် သူတို့က ငါ့ရှေ့ကိုလာပြီး အမှုဆောင်ရလိမ့်မယ်။ ငါ့ရှေ့မှာရပ်ပြီး အဆီတွေ၊+ သွေးတွေကို ငါ့ဆီ ပူဇော်ရလိမ့်မယ်။+ ၁၆ ငါ့အတွက် အမှုဆောင်ဖို့ သန့်ရှင်းရာဌာနတော်ထဲ သူတို့ပဲ ဝင်လာရမယ်။ ငါ့စားပွဲနားလာပြီး+ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ရလိမ့်မယ်။+
-