-
ထွက်မြောက်ရာ ၁၂:၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ အီဂျစ်ပြည်ကို ဒဏ်ခတ်ဖို့ ယေဟောဝါဖြတ်သွားတဲ့အခါ တံခါးထုပ်နဲ့ တံခါးတိုင်နှစ်ဖက်က သွေးကိုမြင်ပြီး အဲဒီတံခါးကို ယေဟောဝါ ကျော်သွားမယ်။ ခင်ဗျားတို့အိမ်ထဲကို သေဘေးဝင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။+
-
-
ယောရှု ၂:၁၇-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ သူလျှိုတွေက “ခင်ဗျား သစ္စာဆိုခိုင်းထားတာနဲ့ပတ်သက်ပြီး ကျုပ်တို့ အပြစ်ကင်းစေရမယ်။+ ၁၈ ကျုပ်တို့ ဒီပြည်ထဲ ပြန်ဝင်လာတဲ့အခါ ကျုပ်တို့ကို လျှောချလိုက်တဲ့ ပြတင်းပေါက်မှာ ဒီကြက်သွေးရောင်ကြိုးကို ချည်ထားပါ။ မချည်ထားရင်တော့ ကျုပ်တို့အပြစ် မဟုတ်ဘူး။ မိဘ၊ မောင်နှမ၊ အိမ်သူအိမ်သားအားလုံးကို ဒီအိမ်ထဲမှာ ခေါ်ထားပါ။+ ၁၉ တစ်ယောက်ယောက် အိမ်ပြင်ထွက်သွားမယ်ဆိုရင် သူ့အပြစ်နဲ့သူ သေလိမ့်မယ်။* ကျုပ်တို့ကတော့ အပြစ်ကင်းတယ်။ ခင်ဗျားရဲ့အိမ်ထဲမှာ ရှိနေလျက်နဲ့ ထိခိုက်သွားတယ်ဆိုရင်တော့ သူသေတာဟာ ကျုပ်တို့အပြစ်ပဲ။
-
-
ဗျာဒိတ် ၉:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ မြေပေါ်က အပင်တွေ၊ စိမ်းစိုတဲ့အပင်တွေ၊ သစ်ပင်တွေကို ဒုက္ခမပေးဖို့၊ နဖူးပေါ်မှာ ဘုရားသခင့်တံဆိပ် မခတ်ထားတဲ့ လူတွေကိုပဲ ဒုက္ခပေးဖို့ သူတို့ကို မှာကြားတယ်။+
-