-
ယေရမိ ၁:၁၈၊ ၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ယုဒဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ ပုရောဟိတ်တွေ၊
ပြည်သူပြည်သားတွေရှေ့၊+
တစ်ပြည်လုံးရှေ့ ကြံ့ကြံ့ခံနိုင်အောင် ဒီနေ့ မင်းကို သံတိုင်၊ ခံတပ်မြို့၊
ကြေးနီမြို့ရိုးလို ဖြစ်စေပြီ။+
၁၉ မင်းကို သူတို့ ကျိန်းသေတိုက်ခိုက်မယ်။
ဒါပေမဲ့ အနိုင်ရမှာ မဟုတ်ဘူး။
‘မင်းကိုကယ်ဖို့ မင်းနဲ့အတူ ငါရှိနေတယ်၊’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
-
-
မိက္ခာ ၃:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ကျွန်တော်ကတော့ ယေဟောဝါရဲ့ စွမ်းအားတော်ကြောင့်
ခွန်အား၊ တရားမျှတမှု၊ အစွမ်းသတ္တိ ပြည့်နေတယ်။
ယာကုပ်ကို သူ့ပုန်ကန်မှုအကြောင်း၊ အစ္စရေးကို သူ့အပြစ်အကြောင်း ပြောပြမယ်။
-