-
ယေရမိ ၃:၆-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ယောရှိမင်းလက်ထက်မှာ+ ယေဟောဝါ ပြောတယ်– “‘သစ္စာမဲ့တဲ့အစ္စရေးရဲ့ လုပ်ရပ်ကို မြင်သလား။ သူက မြင့်မားတဲ့တောင်တန်းတွေပေါ်မှာ၊ စိမ်းလန်းတဲ့အပင်တွေ အောက်မှာ ပြည့်တန်ဆာ သွားလုပ်နေတယ်။+ ၇ ဒီလိုလုပ်ပြီးတာတောင် ပြန်လာပါလို့ ငါအကြိမ်ကြိမ် ခေါ်တယ်။+ ဒါပေမဲ့ သူပြန်မလာဘူး။ ယုဒကလည်း သစ္စာမဲ့တဲ့အစ်မကို ကြည့်နေတယ်။+ ၈ အဲဒါကို ငါတွေ့တဲ့အခါ သစ္စာမရှိ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့+ အစ္စရေးကို ကွာရှင်းစာချုပ်ပေးပြီး မောင်းထုတ်လိုက်တယ်။+ ဒါတောင် သစ္စာမဲ့တဲ့ညီမ ယုဒဟာ အကြောက်အလန့်မရှိ ပြည့်တန်ဆာ သွားလုပ်တယ်။+
-
-
ယေဇကျေလ ၁၆:၄၆၊ ၄၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၆ “‘မင်းရဲ့အစ်မဟာ ရှမာရိမြို့ပဲ၊+ သမီးတွေ* နဲ့အတူ မင်းရဲ့မြောက်ဘက်မှာ နေထိုင်တယ်။+ မင်းရဲ့ညီမဟာ သောဒုံမြို့ပဲ၊+ သမီးတွေနဲ့အတူ မင်းရဲ့တောင်ဘက်မှာ နေထိုင်တယ်။+ ၄၇ မင်းက သူတို့ရဲ့လမ်းစဉ်ကို လိုက်ပြီး သူတို့ရဲ့ ရွံစရာအကျင့်တွေအတိုင်း လိုက်လုပ်ရုံမက အချိန်တိုအတွင်းမှာ သူတို့ထက်တောင် ပိုအကျင့်ပျက်လာတယ်။+
-