-
၂ ရာဇဝင်ချုပ် ၃၆:၂၀၊ ၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ အသတ်မခံရဘဲ ကျန်ရှိနေသူတွေကို ဗာဗုလုန်မြို့ဆီ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားတယ်။+ ပါးရှားနိုင်ငံ စတင်အာဏာရချိန်အထိ+ ဗာဗုလုန်ဘုရင်နဲ့ သားမြေးတွေဆီမှာ သူတို့ ကျွန်ခံရတယ်။+ ၂၁ တိုင်းပြည်ကလည်း အရင်ကမရခဲ့တဲ့ ဥပုသ်နှစ်တွေကို ပြန်ရတဲ့အတွက်+ လူသူကင်းမဲ့နေချိန် အနှစ် ၇၀ လုံးလုံး အနားရခဲ့တယ်။+ ယေရမိကတစ်ဆင့် ယေဟောဝါ ပြောခဲ့တဲ့အတိုင်း ဖြစ်လာတယ်။+
-
-
ဟေရှာယ ၆:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ဒါနဲ့ ငါက “ယေဟောဝါဘုရား၊ ဘယ်လောက်ကြာကြာ အဲဒီလိုဖြစ်နေမှာလဲ” လို့မေးတော့ ဘုရားက–
“မြို့တွေ ပျက်စီးပြီး မြို့သူမြို့သားတွေ မရှိ၊
အိမ်တွေမှာ လူမရှိ၊
ပြည်လည်း ပျက်စီးပြီး လူသူကင်းမဲ့သွားချိန်အထိ ကြာလိမ့်မယ်။+
-