-
ဟီဘရူး ၉:၁၁၊ ၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ခရစ်တော်ဟာ ကျွန်တော်တို့ လက်ရှိခံစားနေရတဲ့ ကောင်းမြတ်တဲ့အရာတွေကို ယူဆောင်လာတဲ့ ပုရောဟိတ်မင်းအဖြစ် ရောက်လာချိန်မှာ ပိုကြီးမြတ်သာလွန်တဲ့ တဲတော်ထဲ ဝင်သွားတယ်။ အဲဒီတဲတော်ဟာ လူတွေ ဆောက်ထားတာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ တည်ရှိတာ မဟုတ်ဘူး။ ၁၂ ခရစ်တော်က အသန့်ရှင်းဆုံးအခန်းထဲ ဆိတ်သွေး၊ နွားကလေးသွေးနဲ့ မဟုတ်ဘဲ မိမိရဲ့သွေးနဲ့+ တစ်ကြိမ်တည်းအပြီး ဝင်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ထာဝရ လွတ်မြောက်ခွင့်ရသွားတယ်။+
-
-
ဟီဘရူး ၁၀:၈-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ပညတ်တရားအရ ဆက်သရတဲ့ “ပူဇော်သက္ကာတွေ၊ အလှူတွေ၊ အကုန်အစင် မီးရှို့ရာအလှူတွေ၊ အပြစ်ဖြေရာအလှူတွေကို ကိုယ်တော် မလိုချင်ဘူး၊ မနှစ်သက်ဘူး” လို့ အရင်ဆုံး ပြောပြီးမှ၊ ၉ “အလိုတော်ဆောင်ဖို့ ကျွန်တော် ရောက်လာပါပြီ”+ လို့ ပြောခဲ့တယ်။ ဒုတိယအစီအစဉ်ကို အတည်ဖြစ်စေဖို့ ပထမအစီအစဉ်ကို သူ ပယ်ဖျက်လိုက်တာပဲ။ ၁၀ အဲဒီ “အလိုတော်”+ အတိုင်း သူ့ရဲ့ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းအပြီး ပူဇော်လိုက်တဲ့အတွက် ကျွန်တော်တို့ သန့်စင်သွားပြီ။+
-