-
ဒံယေလ ၉:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ငါ့ကို သူရှင်းပြတာက–
“ဒံယေလ၊ ထိုးထွင်းသိမြင်နိုင်စွမ်း၊ သိနားလည်နိုင်စွမ်း ပေးဖို့ ခင်ဗျားဆီ ကျုပ်လာခဲ့တာ။ ၂၃ ခင်ဗျား စပြီးအသနားခံချိန်မှာ အမိန့်တစ်ခု ရတယ်။ ခင်ဗျားဟာ သိပ်တန်ဖိုးထားရတဲ့သူ*+ ဖြစ်လို့ အဲဒီအမိန့်အကြောင်း ကျုပ်လာပြောတာ။ ဒါကြောင့် ကျုပ်ပြောတာကို စဉ်းစားပြီး စိတ်အာရုံကို နားလည်အောင် ကြိုးစားပါ။
-