၃၂ အစ္စရေးဘုရင် ရေမလိရဲ့သား ပေကာနန်းစံ ဒုတိယနှစ်မှာ ယုဒဘုရင် သြဇိရဲ့သား+ ယောသံက+ နန်းတက်လာတယ်။ ၃၃ သူနန်းတက်ချိန်မှာ အသက် ၂၅ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၆ နှစ်စိုးစံတယ်။ မယ်တော်က ဇာဒုတ်ရဲ့သမီး ယေရုရှလို့ခေါ်တယ်။+ ၃၄ ယောသံက ခမည်းတော်သြဇိလိုပဲ ယေဟောဝါရှေ့မှာ မှန်ရာကို ဆက်လုပ်တယ်။+