၅ အဲဒီနောက် ခင်ဗျားက ယေဟောဝါဘုရားရှေ့မှာ ‘ကျွန်တော့်ဘိုးဘေးဟာ လှည့်လည်နေထိုင်တဲ့ အာရံအမျိုးသားတစ်ယောက်ပါ။+ သူက အိမ်သားအနည်းငယ်နဲ့အတူ+ အီဂျစ်ပြည်ကို ဆင်းသွားပြီး+ တိုင်းတစ်ပါးသားအဖြစ် နေထိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ အင်အားကြီးပြီး များပြားလှတဲ့ လူမျိုးကြီး ဖြစ်လာတယ်။+