-
ဟေရှာယ ၁၀:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ မတရားတဲ့ စည်းမျဉ်းကို ပြဋ္ဌာန်းသူတွေ၊+
ဖိနှိပ်တဲ့အမိန့်ကို တစ်ချိန်လုံး ထုတ်ပြန်နေသူတွေ အဖြစ်ဆိုး ကြုံရလိမ့်မယ်။
၂ မင်းတို့က အဲဒီလိုအမိန့်တွေ ထုတ်ပြန်ပြီး
ဆင်းရဲသားတွေရဲ့ အမှုအခင်းကို ပယ်ဖျက်ကြတယ်။
ငါ့လူတွေထဲက နိမ့်ကျသူတွေကို တရားမျှတစွာ မစီရင်ပေးဘူး။+
မုဆိုးမနဲ့ မိဘမဲ့တွေရဲ့ ပိုင်ဆိုင်ရာကို တိုက်ရာပါဥစ္စာအဖြစ် သိမ်းယူကြတယ်။+
-
-
အာမုတ် ၂:၆၊ ၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ယေဟောဝါ ပြောတာက–
‘အစ္စရေးရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။
သူတို့က ဖြောင့်မတ်သူကို ငွေနဲ့ရောင်းစားခဲ့တယ်။
ဆင်းရဲသားကို ဖိနပ်တစ်ရန်စာနဲ့ ရောင်းစားခဲ့တယ်။+
၇ နိမ့်ကျသူတွေကို မြေမှုန့်ထဲ နင်းခြေကြတယ်။+
နူးညံ့သိမ်မွေ့သူတွေရဲ့ လမ်းကို ပိတ်ဆို့ကြတယ်။+
သားအဖနှစ်ယောက်က မိန်းမ တစ်ယောက်တည်းနဲ့ ပေါင်းဖော်ပြီး
သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေခဲ့တယ်။
-