-
၂ ရာဇဝင်ချုပ် ၇:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ပုရောဟိတ်တွေက တာဝန်ကျတဲ့နေရာမှာ ရပ်နေတယ်။ လေဝိအမျိုးသားတွေလည်း ယေဟောဝါကို ချီးမွမ်းသီဆိုတဲ့အခါ တီးမှုတ်ဖို့ တူရိယာတွေကိုကိုင်ပြီး ရပ်နေတယ်။+ (ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းရာမှာ သုံးဖို့ ဒါဝိဒ်မင်း လုပ်ထားတဲ့ တူရိယာတွေပဲ။ ဒါဝိဒ်က သူတို့နဲ့အတူ ဘုရားသခင်ကို ချီးမွမ်းတဲ့အခါတိုင်း “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” ဆိုပြီး သီဆိုလေ့ရှိတယ်။) မျက်နှာချင်းဆိုင် ရပ်နေတဲ့ ပုရောဟိတ်တွေက ခရာကို အကျယ်ကြီး မှုတ်ကြတယ်။+ အဲဒီအချိန်မှာ အစ္စရေးအားလုံး ရပ်နေကြတယ်။
-
-
၂ ရာဇဝင်ချုပ် ၂၉:၂၅၊ ၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ အဲဒီအချိန်မှာ ဟေဇကိက လင်းကွင်း၊ ကြိုးတပ်တူရိယာနဲ့ စောင်းတွေ+ တီးမှုတ်ရတဲ့ လေဝိအမျိုးသားတွေကို ယေဟောဝါရဲ့ အိမ်တော်မှာ နေရာယူခိုင်းလိုက်တယ်။ ပရောဖက်တွေကတစ်ဆင့် ယေဟောဝါ ညွှန်ကြားခဲ့တဲ့အတိုင်း၊ ဘုရင်ကို စိတ်အာရုံအသိပေးရသူ ဂဒ်၊+ ပရောဖက်နာသန်နဲ့+ ဒါဝိဒ် ညွှန်ကြားခဲ့တဲ့အတိုင်း+ နေရာယူခိုင်းတယ်။ ၂၆ လေဝိအမျိုးသားတွေက ဒါဝိဒ်မင်း လုပ်ထားတဲ့ တူရိယာတွေ ကိုင်ပြီး၊ ပုရောဟိတ်တွေက ခရာတွေ ကိုင်ပြီး ရပ်နေကြတယ်။+
-