ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၂၈:၄၉၊ ၅၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၉ “ယေဟောဝါဘုရားက ခင်ဗျားတို့ကို တိုက်ခိုက်မယ့် လူမျိုးတစ်မျိုးကို+ ဝေးလံလှတဲ့ မြေကြီးတစ်ဖက်စွန်းကနေ ပေါ်ထွက်စေမယ်။ သူတို့က လင်းယုန်လို တစ်ဟုန်ထိုး တိုက်ခိုက်မယ်။+ ခင်ဗျားတို့နားမလည်တဲ့ ဘာသာစကားကိုပြောတဲ့ လူမျိုး၊+ ၅၀ ကြီးသူကို မလေးစား၊ ငယ်သူကို မသနားဘဲ ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုး ဖြစ်တယ်။+

  • ၂ ဘုရင်များ ၁၅:၂၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၉ အစ္စရေးဘုရင် ပေကာလက်ထက်မှာ အဆီးရီးယားဘုရင် တိဂလတ် ပိလေသာက+ ကျူးကျော်လာပြီး အိယုန်မြို့၊ အာဗေလဗက်မာခါမြို့၊+ ယာနောမြို့၊ ကေဒေရှမြို့၊+ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊+ ဂါလိလဲနယ်ဖြစ်တဲ့ နဿလိနယ်မြေတစ်ခုလုံးကို+ သိမ်းယူပြီးနောက် ပြည်သူပြည်သားတွေကို အဆီးရီးယားပြည်ဆီ ဖမ်းခေါ်သွားတယ်။+

  • ၂ ဘုရင်များ ၁၇:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ ဟောရှာနန်းစံ ကိုးနှစ်မှာ မြို့ကို သိမ်းယူလိုက်တယ်။+ အစ္စရေးတွေကိုလည်း အဆီးရီးယားပြည်ဆီ ပြည်နှင်ဒဏ်ပေးပြီး+ ဟာလအရပ်မှာ၊ ဂေါဇန်မြစ်နားက+ ဟာဗော်မြို့၊ မီးဒီးယားမြို့တွေမှာ+ နေထိုင်စေတယ်။

  • ဟေရှာယ ၇:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ “အဲဒီအချိန်မှာ  ယေဟောဝါဘုရားက မြစ်ကြီး* အနီးမှာနေတဲ့ အဆီးရီးယားဘုရင်ကို သုံးပြီး၊+ ငှားရမ်းထားတဲ့ အဲဒီသင်တုန်းဓားကို သုံးပြီး ဆံပင်မွေး၊ ခြေသလုံးမွေးနဲ့ မုတ်ဆိတ်မွေးပါမကျန် ရိတ်ပစ်မယ်။

  • ဟေရှာယ ၈:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ဟေရှာယ ၁၀:၅၊ ၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၅ “ကြည့်ပါ။ အဆီးရီးယားဟာ+

      ငါ့အမျက်ကို ဖော်ပြမယ့် ကြိမ်လုံးပဲ။+

      သူ့လက်ထဲက တုတ်ကိုသုံးပြီး ငါပြစ်ဒဏ်စီရင်မယ်။

       ၆ သူ့ကို စေလွှတ်ပြီး အယူဖောက်ပြန်တဲ့ လူမျိုး၊+

      ငါ့ကိုအမျက်ထွက်စေတဲ့ လူမျိုးကို တိုက်ခိုက်စေမယ်။

      လုယက်ပြီး တိုက်ရာပါဥစ္စာတွေ သိမ်းယူဖို့၊

      သူတို့ကို လမ်းပေါ်က ရွှံ့လို နင်းခြေပစ်ဖို့ သူ့ကို ငါအမိန့်ပေးမယ်။+

  • ဟောရှေ ၁၀:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ အဲဒီရုပ်တုကို အဆီးရီးယားပြည်ကို သယ်လာပြီး ဘုရင်ကြီးဆီ လက်ဆောင်အဖြစ် ဆက်သမယ်။+

      ဧဖရိမ် အရှက်ကွဲသွားမယ်။

      အစ္စရေးကလည်း သူလိုက်ခဲ့တဲ့ အကြံဉာဏ်ကြောင့် အရှက်ကွဲသွားမယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ