-
ယေရမိ ၂၆:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ယေဟောဝါ မိန့်မှာသမျှ ယေရမိပြောပြီးတဲ့အခါ ပုရောဟိတ်တွေ၊ ပရောဖက်တွေ၊ လူတွေက သူ့ကိုဖမ်းဆီးပြီး “ခင်ဗျား သေကိုသေရမယ်။ ၉ ‘ဒီအိမ်တော်ဟာ ရှိလောအရပ်လို ဖြစ်သွားလိမ့်မယ်။ ဒီမြို့ဟာ နေထိုင်သူမရှိတဲ့အထိ ဖျက်ဆီးခံရလိမ့်မယ်’ ဆိုပြီး ယေဟောဝါနာမည်နဲ့ ဘာလို့ ပရောဖက်ပြုရတာလဲ” လို့အော်ဟစ်ကြတယ်။ လူအားလုံးက ယေဟောဝါရဲ့အိမ်တော်မှာ ရှိနေတဲ့ ယေရမိနားကို ဝိုင်းအုံလာကြတယ်။
-