-
ဒံယေလ ၉:၁၁၊ ၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ အစ္စရေးတစ်မျိုးလုံး ပညတ်တရားကို ချိုးဖောက်ခဲ့တယ်။ ကိုယ်တော့်ကို မနာခံဘဲ လမ်းလွဲခဲ့တယ်။ ပြစ်မှားခဲ့တယ်။ ဒါကြောင့် စစ်မှန်တဲ့ဘုရားသခင်ရဲ့ကျွန် မောရှေရဲ့ ပညတ်မှာပါတဲ့ ကျိန်စာတွေ၊ သစ္စာဆိုချက်တွေအတိုင်း ကျွန်တော်တို့ကို ကြုံတွေ့စေခဲ့တယ်။+ ၁၂ ကျွန်တော်တို့နဲ့ပတ်သက်ပြီး၊ ကျွန်တော်တို့ကို အုပ်စိုးတဲ့ အုပ်စိုးရှင်တွေနဲ့ပတ်သက်ပြီး ကိုယ်တော်ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခဲ့တယ်။+ ဂျေရုဆလင်မှာ ကျရောက်ခဲ့တဲ့ ဘေးဆိုးလောက် ကြီးမားတဲ့ဘေးဆိုးမျိုး ကောင်းကင်အောက်မှာ တစ်ခါမှ မကျရောက်ဖူးပါဘူး။+
-
-
အာမုတ် ၄:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ဒါကြောင့် အစ္စရေး၊ မင်းကို ငါ အဲဒီလို ဒဏ်ခတ်ဦးမယ်။
အစ္စရေး၊ မင်းကို ငါဒဏ်ခတ်မှာဖြစ်လို့
မင်းရဲ့ ဘုရားသခင်ဖြစ်တဲ့ ငါ့ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။
-