-
၁ ဘုရင်များ ၂၁:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ အဲဒီအခါ မိဖုရားယေဇဗေလ+ ဝင်လာပြီး “မောင်တော်၊ မစားမသောက်နိုင်လောက်အောင် ဘာများ စိတ်ညစ်စရာရှိလို့လဲ” လို့ မေးတော့၊ ၆ အာဟပ်မင်းက “ယေဇရေလမြို့သား နာဗုတ်ကို ‘မင်းရဲ့ စပျစ်ခြံကို ရောင်းပါ။ ဒါမှမဟုတ် အဲဒီခြံအစား တခြားစပျစ်ခြံကို ပေးဆိုရင်လည်း ပေးမယ်’ လို့ကမ်းလှမ်းပေမဲ့ သူက ‘မပေးနိုင်ပါဘူး’ တဲ့” ဆိုပြီးဖြေတယ်။
-