၁၈ အစ္စရေးဘုရင် ဧလာရဲ့သား ဟောရှာ+ နန်းစံသုံးနှစ်မှာ ယုဒဘုရင် အာခတ်ရဲ့သား+ ဟေဇကိ+ နန်းတက်လာတယ်။ ၂ သူနန်းတက်ချိန်မှာ အသက် ၂၅ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၂၉ နှစ် စိုးစံတယ်။ မယ်တော်က ဇာခရိရဲ့သမီး အဘိလို့ခေါ်တယ်။+ ၃ ဟေဇကိက ဘိုးဘေးဒါဝိဒ်လိုပဲ+ ယေဟောဝါရှေ့မှာ မှန်ရာကိုဆက်လုပ်တယ်။+