-
ဟေရှာယ ၅၉:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ဒါကြောင့် တရားမျှတမှုဟာ ငါတို့နဲ့ အလှမ်းဝေးနေတယ်။
ဖြောင့်မတ်မှုကလည်း လိုက်မမီဘူး။
အလင်းကို မျှော်လင့်ပေမဲ့ အမှောင်ပဲ ရှိနေတယ်။
တောက်ပတဲ့နေ့ကို မျှော်လင့်ပေမဲ့ မှောင်ရိပ်ထဲမှာပဲ လျှောက်နေရတယ်။+
၁၀ ငါတို့က မျက်မမြင်တွေလို နံရံကိုစမ်းပြီး သွားနေရတယ်။
မျက်ကန်းတွေလို စမ်းတဝါးဝါး သွားနေရတယ်။+
မွန်းတည့်ချိန်မှာတောင် ညဘက်မှာလို ခလုတ်တိုက်လဲကျတယ်။
သန်စွမ်းသူတွေကြားမှာ ငါတို့ဟာ လူသေတွေလို ဖြစ်နေတယ်။
-
-
အာမုတ် ၈:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက–
‘အဲဒီနေ့ကျရင် ငါက မွန်းတည့်ချိန်မှာ နေဝင်စေမယ်။
နေသာတဲ့နေ့မှာ တိုင်းပြည်ကို မှောင်မိုက်စေမယ်။+
-