-
ယေရမိ ၂၃:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ငါယေဟောဝါ ပြောမယ်– “ကြည့်ပါ။ ဖြောင့်မတ်တဲ့ အတက်ကို* ဒါဝိဒ်အမျိုးကနေ ငါပေါ်ထွန်းစေမယ့်နေ့ ရောက်တော့မယ်။+ ဘုရင်အဖြစ် သူ အုပ်စိုးမယ်။+ ထိုးထွင်းဉာဏ်ရှိတဲ့သူ၊ တိုင်းပြည်မှာ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို စောင့်ထိန်းတဲ့သူ ဖြစ်လာမယ်။+ ၆ သူ့လက်ထက်မှာ ယုဒဟာ ကယ်တင်ခံရလိမ့်မယ်။+ အစ္စရေးက ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။+ ‘ယေဟောဝါဟာ ငါတို့ရဲ့ဖြောင့်မတ်ခြင်း’ ဆိုတဲ့နာမည်နဲ့ ခေါ်ကြလိမ့်မယ်။”+
-