-
၂ ဘုရင်များ ၂၃:၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ ဒါပေမဲ့ ယေဟောဝါက မိမိကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ မနာရှေရဲ့ လုပ်ရပ်တွေကြောင့် ယုဒပြည်ကို အမျက်ထွက်နေတုန်းပဲ။+
-
-
၂ ရာဇဝင်ချုပ် ၃၆:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။
၁၇ ဒါနဲ့ ဘုရားသခင်က ခါလဒဲဘုရင်ကို စေလွှတ်ပြီး သူတို့ကို တိုက်ခိုက်စေတယ်။+ ခါလဒဲဘုရင်က သူတို့ရဲ့ သန့်ရှင်းရာဌာနတော်မှာ+ လူငယ်တွေကို ဓားနဲ့ကွပ်မျက်တယ်။+ လူပျို၊ အပျို၊ လူအို၊ အိုမင်းမစွမ်းသူကိုလည်း မသနားဘူး။+ ဘုရားသခင်က ရှိရှိသမျှကို ခါလဒဲဘုရင်လက်ထဲ အပ်လိုက်တယ်။+
-
-
ယေရမိ ၂၃:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ ယေဟောဝါက စိတ်ထဲ ရည်ရွယ်ထားတာတွေကို အကောင်အထည် ပေါ်လာအောင်၊
ပြီးမြောက်အောင် မလုပ်မချင်း ဒေါသရုပ်သိမ်းမှာ မဟုတ်ဘူး။
အဆုံးပိုင်းကာလမှာ မင်းတို့ အဲဒါကို ရှင်းရှင်းလင်းလင်း နားလည်လာမယ်။
-