-
အာမုတ် ၁:၁၃-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ယေဟောဝါ ပြောတာက–
‘“အမ္မုန်လူတွေရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။
သူတို့က နယ်မြေချဲ့ထွင်ဖို့ ဂိလဒ်ပြည်မှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ဝမ်းကို ခွဲခဲ့ကြတယ်။+
၁၄ ဒါကြောင့် ရဗာမြို့ရိုးကို ငါမီးရှို့မယ်။+
စစ်တိုက်တဲ့နေ့မှာ စစ်ငြာသံနဲ့အတူ၊
လေပြင်းတိုက်တဲ့နေ့မှာ မိုးသက်မုန်တိုင်းနဲ့အတူ
သူ့ရဲ့ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။
၁၅ သူတို့ရဲ့ဘုရင်ဟာ မင်းညီမင်းသားတွေနဲ့အတူ ပြည်နှင်ဒဏ်ခံရလိမ့်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’
-