၉ ယေဟောဝါ ပြောတာက–
‘တိုင်ရာမြို့ရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့်
ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။
သူတို့က ပြည်နှင်ခံတွေကို ဧဒုံလက်ထဲ အပ်တယ်။
ညီအစ်ကိုတွေနဲ့ ကတိသစ္စာပြုထားတာကို သတိမရဘူး။+
၁၀ ဒါကြောင့် တိုင်ရာမြို့ရိုးကို ငါမီးရှို့မယ်။
သူ့ရဲ့ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။’+