-
လုကာ ၈:၃၅-၃၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၅ အဲဒီအဖြစ်အပျက်ကို လူတွေ လာကြည့်ကြတဲ့အခါ နတ်ဆိုးတွေ ဝင်ပူးဖူးတဲ့သူက အဝတ်ဝတ်ပြီး ယေရှုခြေရင်းမှာ ပုံမှန်စိတ်အခြေအနေနဲ့ ထိုင်နေတာကို မြင်လိုက်ရတော့ ကြောက်လန့်သွားကြတယ်။ ၃၆ မျက်မြင်သက်သေတွေကလည်း နတ်ဆိုးပူးဖူးတဲ့သူ ဘယ်လိုသက်သာလာတဲ့အကြောင်း လူတွေကို ပြန်ပြောပြတယ်။ ၃၇ ဂေရသနယ်တစ်ဝိုက်က လူတွေ အကြီးအကျယ် ကြောက်လန့်သွားတဲ့အတွက် ယေရှုကို သူတို့ဆီကနေ ထွက်သွားဖို့ တောင်းပန်ကြတယ်။ ယေရှု လှေပေါ်တက်တဲ့အခါ၊
-