ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၆:၂၁-၂၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ ဟေရုဒ်ရဲ့မွေးနေ့+ ရောက်လာတဲ့အခါ  ဟေရောဒိအတွက်  အခွင့်ကောင်း ပေါ်လာတယ်။ ဟေရုဒ်က အရာရှိတွေ၊ တပ်မှူးတွေ၊ ဂါလိလဲနယ်က အထင်ကရပုဂ္ဂိုလ်တွေကို စားသောက်ပွဲ တည်ခင်းပေးတယ်။+ ၂၂ ပွဲခံနေချိန်မှာ ဟေရောဒိရဲ့သမီးက ဝင်လာပြီး ကပြဖျော်ဖြေတဲ့အခါ ဟေရုဒ်မင်းနဲ့ ဧည့်သည်တော်တွေ သဘောကျသွားတယ်။ ဒါနဲ့ မင်းကြီးက “မင်းလိုချင်တာ ဘာမဆို  ငါပေးမယ်”  လို့ပြောပြီး၊ ၂၃ “ဘာပဲတောင်းတောင်း နိုင်ငံတစ်ဝက်အထိ ငါပေးမယ်” လို့ အလေးအနက် ကတိပေးလိုက်တယ်။ ၂၄ မိန်းကလေးက သူ့အမေဆီ  သွားပြီး  “ဘာတောင်းရင်ကောင်းမလဲ”  လို့မေးတော့ အမေက  “နှစ်ခြင်းပေးသူ  ယောဟန်ရဲ့ခေါင်းကို  တောင်းလိုက်”  လို့ ပြောတယ်။ ၂၅ မိန်းကလေးက မင်းကြီးဆီ ခပ်သုတ်သုတ် ဝင်လာပြီး “နှစ်ခြင်းပေးသူ ယောဟန်ရဲ့ခေါင်းကို အခုပဲ လင်ပန်းထဲ  ထည့်ပေးစေချင်ပါတယ်”  လို့တောင်းတယ်။+ ၂၆ အဲဒီအခါ မင်းကြီးက သိပ်ဝမ်းနည်းသွားတယ်။ ဒါပေမဲ့ ဧည့်သည်တွေရှေ့မှာ အလေးအနက်  ကတိပေးပြီးသားဖြစ်နေလို့ မိန်းကလေးတောင်းတာကို  လိုက်လျောလိုက်တယ်။ ၂၇ ကိုယ်ရံတော်တစ်ယောက်ကို ချက်ချင်းလွှတ်ပြီး ယောဟန်ရဲ့ခေါင်းကို ယူလာခိုင်းတယ်။ ကိုယ်ရံတော်လည်း  ထောင်ထဲသွားပြီး ယောဟန်ရဲ့ခေါင်းကို ဖြတ်၊ ၂၈ လင်ပန်းထဲထည့်ပြီး ယူလာတယ်။ မိန်းကလေးကိုပေးတော့ သူလည်း အမေ့ဆီ ယူသွားပေးတယ်။ ၂၉ ဒီသတင်းကို ယောဟန်ရဲ့တပည့်တွေ ကြားတဲ့အခါ အလောင်းကို လာသယ်သွားပြီး သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်လိုက်တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ