-
လုကာ ၉:၁၂-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ နေ့တာကုန်ခါနီးမှာ တမန်တော် ၁၂ ယောက်က ယေရှုဆီလာပြီး “ဆရာ၊ ဒီနေရာဟာ လူသိပ်ခေါင်တယ်။ လူတွေကို ပြန်လွှတ်လိုက်ပါ။ ဒါမှ အနီးအနားကျေးရွာတွေမှာ သူတို့ တည်းခိုပြီး စားစရာတွေ ရနိုင်မှာ” လို့ပြောတယ်။+ ၁၃ ယေရှုက “သူတို့ကို ခင်ဗျားတို့ ကျွေးလိုက်ပါ”+ လို့ပြောတော့ တပည့်တွေက “မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပဲ ရှိတာ။ ဒီလူအားလုံးစားဖို့ ကျွန်တော်တို့ သွားဝယ်ရမှာလား” လို့မေးကြတယ်။ ၁၄ အဲဒီမှာ ယောက်ျား ၅,၀၀၀ လောက်ရှိတယ်။ ယေရှုက “လူတွေကို အယောက် ၅၀ စီ၊ အစုလိုက် ထိုင်ခိုင်းလိုက်ပါ” လို့ပြောတော့၊ ၁၅ တပည့်တွေလည်း ယေရှုပြောတဲ့အတိုင်း လူတွေကို ထိုင်ခိုင်းတယ်။ ၁၆ ယေရှုက မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကိုယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။* အဲဒီနောက် မုန့်ကိုဖဲ့ပြီး တပည့်တွေကို ပေးတယ်။ တပည့်တွေက လူတွေကို ပြန်ဝေပေးတယ်။ ၁၇ အားလုံး ဝဝလင်လင် စားပြီးတဲ့နောက် စားကြွင်းစားကျန်တွေ လိုက်ကောက်တဲ့အခါ ၁၂ တောင်း ရတယ်။+
-