ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၆:၄၅-၅၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၅ အဲဒီနောက် ယေရှုက ချက်ချင်းပဲ တပည့်တွေကို  တစ်ဖက်ကမ်းက ဗက်ဇဲဒမြို့ဆီ လှေနဲ့ ကူးနှင့်ခိုင်းတယ်။ လူအုပ်ကိုလည်း ပြန်လွှတ်လိုက်တယ်။+ ၄၆ လူအုပ်ထွက်သွားတဲ့အခါ ယေရှုက ဆုတောင်းဖို့  တောင်ပေါ်တက်သွားတယ်။+ ၄၇ ညနေစောင်းတဲ့အချိန်မှာ လှေက အိုင်အလယ်ကို ရောက်နေပြီ။ ယေရှုကတော့ ကုန်းပေါ်မှာ တစ်ယောက်တည်း ရှိနေတယ်။+ ၄၈ မိုးသောက်ယံ* အချိန်မှာ လှိုင်းလေထန်တဲ့အတွက် တပည့်တွေ လှေကို မနည်းလှော်ခတ်နေတာကို ယေရှုမြင်တဲ့အခါ ရေပေါ် လမ်းလျှောက်လာပြီး သူတို့နားကနေ ဖြတ်သွားမလိုလုပ်တယ်။ ၄၉ ယေရှု ရေပေါ် လမ်းလျှောက်လာတာကို မြင်တဲ့အခါ တပည့်တွေက “ဟိုမှာ၊ ဟိုမှာ ဘာကြီးပါလိမ့်” ဆိုပြီး အော်ကြတယ်။ ၅၀ ယေရှုကို မြင်တဲ့အခါ ကြောက်လန့်သွားတယ်။  ချက်ချင်းပဲ  ယေရှုက “မကြောက်ပါနဲ့။ ကျွန်တော်ပါ” လို့ပြောပြီး၊+ ၅၁ လှေပေါ်တက်တဲ့အခါ လေငြိမ်သွားတယ်။ တပည့်တွေ အံ့အားသင့်သွားတယ်။ ၅၂ မုန့်ကျွေးတဲ့ အံ့ဖွယ်အမှုရဲ့ အဓိပ္ပာယ်ကို သူတို့ သဘောမပေါက်သေးဘူး။ နားမလည်သေးဘူး။

  • ယောဟန် ၆:၁၆-၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ