-
မာကု ၆:၅၃-၅၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၃ အဲဒီနောက် ကမ်းတစ်ဖက်ကိုကူးပြီး ဂင်နေသရက်အရပ်ကို ရောက်တဲ့အခါ ကမ်းကပ်လိုက်တယ်။+ ၅၄ လှေပေါ်ကဆင်းတာနဲ့ ယေရှုကို လူတွေ မှတ်မိကြတယ်။ ၅၅ အဲဒီအရပ်မှာ နေထိုင်သူတွေဆီ ပြေးပြီး အကြောင်းကြားတဲ့အတွက် လူနာတွေကို ယေရှုရှိတဲ့နေရာဆီ ထမ်းစင်နဲ့ ထမ်းခေါ်လာတယ်။ ၅၆ မြို့တွေ၊ ကျေးရွာတွေကို ယေရှုရောက်လာပြီဆိုရင် လူနာတွေကို စျေးအထိ ခေါ်လာကြတယ်။ ယေရှုရဲ့ ဝတ်လုံအမြိတ်ကို တို့ထိခွင့်ပေးဖို့+ အသနားခံကြတယ်။ တို့ထိသူတိုင်းလည်း ကျန်းမာလာတယ်။
-