ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆာလံ ၁၆:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ* ပစ်ထားမှာ မဟုတ်ဘူး။+

      သစ္စာစောင့်သိသူကို သင်္ချိုင်းတွင်းထဲ ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး။+

  • ဟေရှာယ ၅၃:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ သူဟာ အသက်စွန့်ပြီး ပေးဆက်ခဲ့တယ်။+

      အပြစ်ကျူးလွန်သူတွေနဲ့အတူ ရေတွက်ခံခဲ့တယ်။+

      လူများစွာရဲ့ အပြစ်ကို သယ်ဆောင်ပေးခဲ့တယ်။+

      အပြစ်ကျူးလွန်သူတွေအတွက် ကြားဝင် အသနားခံပေးခဲ့တယ်။+

      ဒါကြောင့် သူ့ကို လူများစွာနဲ့အတူ ဝေစုတစ်စု ပေးမယ်။

      ခွန်အားကြီးသူတွေနဲ့အတူ တိုက်ရာပါဥစ္စာတွေကို သူခွဲဝေယူရလိမ့်မယ်။

  • မဿဲ ၁၇:၂၂၊ ၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ဂါလိလဲနယ်မှာ တပည့်တွေနဲ့အတူရှိနေတုန်း ယေရှုက “လူသားကို သစ္စာဖောက်ပြီး လူတွေလက်ထဲ အပ်ကြလိမ့်မယ်။+ ၂၃ အသေသတ်ကြလိမ့်မယ်။ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ပြောတဲ့အခါ တပည့်တွေ သိပ်ဝမ်းနည်းသွားကြတယ်။

  • မဿဲ ၂၀:၁၈၊ ၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ “အခု ကျွန်တော်တို့ ဂျေရုဆလင်မြို့ကို သွားနေတာ။ လူသားကို  ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေလက်ထဲ  အပ်လိမ့်မယ်။ သူတို့  သေဒဏ်စီရင်ကြလိမ့်မယ်။+ ၁၉ လူသားကို လူမျိုးခြားတွေလက်ထဲ အပ်တဲ့အတွက် လှောင်ပြောင်ရိုက်နှက်၊ သစ်တိုင်ပေါ်တင်ပြီး သတ်ကြလိမ့်မယ်။+ အဲဒီနောက် သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ပြောပြတယ်။

  • မာကု ၈:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ ပြီးတော့ လူသားဟာ ဒုက္ခအများကြီး ခံရမယ်၊ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ ငြင်းပယ်တာကို ခံရမယ်၊ အသတ်ခံရပြီးနောက်+ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်ဆိုတဲ့အကြောင်း+ တပည့်တွေကို ပြောပြတယ်။

  • လုကာ ၉:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ပြီးတော့ “လူသားဟာ ဒုက္ခအများကြီး ခံရမယ်။ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ ငြင်းပယ်တာကို ခံရမယ်။ အသတ်ခံရပြီး+  သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ပြောတယ်။

  • လုကာ ၂၄:၄၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၆ ပြီးတော့ ယေရှုက “ကျမ်းစာမှာ ခရစ်တော်ဟာ ဝေဒနာခံရမယ်၊ သုံးရက်မြောက်နေ့မှာ သေရာကနေ အသက်ပြန်ရှင်လာမယ်၊+

  • ၁ ကောရိန္သု ၁၅:၃၊ ၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ကိုယ်တိုင်သင်ယူပြီး ခင်ဗျားတို့ကို ပြန်သင်ပေးခဲ့တဲ့ အရေးကြီးဆုံး အချက်ကတော့ ကျမ်းစာမှာ ပြောထားတဲ့အတိုင်း ခရစ်တော်ဟာ ကျွန်တော်တို့အပြစ်အတွက်  အသေခံခဲ့တယ်၊+ ၄ သင်္ဂြိုဟ်ခံရပြီးနောက်+ ကျမ်းစာမှာ ပြောထားတဲ့အတိုင်း+ သုံးရက်မြောက်နေ့မှာ+  အသက်ပြန်ရှင်လာတယ်ဆိုတဲ့+  အချက်ပဲ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ