-
မဿဲ ၂၀:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ယေရှုက “ဘာလိုချင်သလဲ” လို့မေးတော့ “သခင့်နိုင်ငံမှာ ကျွန်မရဲ့သားနှစ်ယောက်ကို ဘယ်ဘက်မှာ တစ်ယောက်၊ ညာဘက်မှာ တစ်ယောက် ထိုင်ခွင့်ပေးပါ”+ လို့တောင်းဆိုတယ်။
-
-
လုကာ ၂၂:၂၈-၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ “ခင်ဗျားတို့က ကျွန်တော် စမ်းသပ်မှုကြုံရချိန်တွေမှာ+ ကျွန်တော့်ကို မစွန့်ခွာကြဘူး။+ ၂၉ အဖဘုရားက ကျွန်တော်နဲ့ ပဋိညာဉ်ဖွဲ့ခဲ့သလို ကျွန်တော်ကလည်း နိုင်ငံတော်မှာ အုပ်ချုပ်ဖို့ ခင်ဗျားတို့နဲ့ ပဋိညာဉ်ဖွဲ့တယ်။+ ၃၀ ခင်ဗျားတို့ဟာ နိုင်ငံတော်မှာ ကျွန်တော်နဲ့ တစ်စားပွဲတည်းထိုင်ပြီး စားသောက်ရလိမ့်မယ်။+ ပလ္လင်ပေါ်ထိုင်ပြီး+ အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။+
-
-
၁ ကောရိန္သု ၆:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ သန့်ရှင်းသူတွေက ဒီလောကကို တရားစီရင်မယ်ဆိုတာ ခင်ဗျားတို့ မသိဘူးလား။+ ဒီလောကကို တရားစီရင်ရမယ့် ခင်ဗျားတို့က အမှုကိစ္စအသေးအဖွဲလေးတွေကို မစီရင်မဆုံးဖြတ်နိုင်ဘူးလား။
-
-
ဗျာဒိတ် ၂၀:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ အဲဒီနောက် ရာဇပလ္လင်တွေကို ကျွန်တော်မြင်တယ်။ ဘုရားသခင်က ပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူတွေကို တရားစီရင်ခြင်း အခွင့်အာဏာ ပေးအပ်တယ်။ ယေရှုအကြောင်း သက်သေခံလို့၊ ဘုရားသခင်အကြောင်း ဟောပြောလို့၊ သားရဲကိုဖြစ်စေ၊ သားရဲရုပ်တုကိုဖြစ်စေ မကိုးကွယ်လို့၊ နဖူးနဲ့လက်ပေါ်မှာ သားရဲအမှတ်တံဆိပ် မရိုက်နှိပ်လို့ ကွပ်မျက်ခံရတဲ့သူတွေကိုလည်း ကျွန်တော်မြင်တယ်။+ သူတို့က အသက်ပြန်ရှင်လာပြီး ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်စိုးရတယ်။+
-