-
မာကု ၁၄:၁၇-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ညဦးပိုင်းရောက်တော့ ယေရှုက တမန်တော် ၁၂ ယောက်နဲ့အတူ ရောက်လာတယ်။+ ၁၈ စားပွဲမှာ ထိုင်ပြီး စားသောက်ကြတဲ့အခါ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ အတူစားနေသူတွေထဲက တစ်ယောက် ကျွန်တော့်ကို သစ္စာဖောက်လိမ့်မယ်”+ လို့ပြောတော့၊ ၁၉ တပည့်တွေ ဝမ်းနည်းသွားတဲ့အတွက် “ကျွန်တော် မဟုတ်ပါဘူးနော်” ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် မေးကြတယ်။ ၂၀ ယေရှုက “သူဟာ ခင်ဗျားတို့ ၁၂ ယောက်ထဲကပဲ။ ကျွန်တော်နဲ့အတူ တစ်ပန်းကန်တည်း နှိုက်စားတဲ့သူပေါ့။+ ၂၁ ကျမ်းစောင်မှာ ရေးထားတဲ့အတိုင်း လူသားက သွားရမှာပဲ။ ဒါပေမဲ့ လူသားကို သစ္စာဖောက်တဲ့သူကတော့ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ အဲဒီလူ မမွေးလာခဲ့ရင် ပိုကောင်းဦးမယ်” လို့ပြောတယ်။+
-