-
မာကု ၁၄:၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ သူတို့စားသောက်နေချိန်မှာ ယေရှုက မုန့်ကိုယူပြီး ဆုတောင်းတယ်။ မုန့်ကိုဖဲ့ပြီးနောက် “ယူပါ။ ဒါဟာ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်”+ လို့ပြောပြီး တပည့်တွေကို ဝေပေးတယ်။
-
-
၁ ကောရိန္သု ၁၁:၂၃-၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ သခင့်ဆီကနေ သိရှိထားတာတွေကို ခင်ဗျားတို့ကို ကျွန်တော် ပြန်သင်ပေးမယ်။ သခင်ယေရှုက ရန်သူ့လက်ထဲ အပ်နှံခံရမယ့်ညမှာ+ မုန့်ကိုယူပြီး၊ ၂၄ ကျေးဇူးတော် ချီးမွမ်းတယ်။ မုန့်ကိုဖဲ့ပြီးနောက် “ဒါဟာ ခင်ဗျားတို့အတွက် စွန့်လွှတ်တဲ့ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်။+ ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ပါ”+ လို့ပြောခဲ့တယ်။ ၂၅ ညစာအပြီးမှာ ဝိုင်ခွက်ကိုလည်း ယူပြီး အဲဒီနည်းအတိုင်းပဲ လုပ်တယ်။+ “ဒီခွက်ဟာ ကျွန်တော့်ရဲ့ သွေးကို ကိုယ်စားပြုတယ်။ ဒါဟာ ကျွန်တော့်သွေးနဲ့ဖွဲ့တဲ့+ ပဋိညာဉ်သစ်ပဲ။+ ဒါကို သောက်တဲ့အခါတိုင်း ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ပါ”+ လို့ပြောခဲ့တယ်။ ၂၆ ခင်ဗျားတို့ ဒီမုန့်ကိုစားပြီး ဒီခွက်ကို သောက်တဲ့အခါတိုင်း သခင်အသေခံခဲ့တဲ့အကြောင်းကို သခင်ရောက်လာချိန်အထိ ကြွေးကြော်နေတဲ့သဘောပဲ။
-