၃၁ ယေရှုက နောက်ထပ်ပုံဥပမာတစ်ခု ဆက်ပြောတယ်– “ကောင်းကင်နိုင်ငံဟာ လယ်မှာစိုက်တဲ့ မုန်ညင်းစေ့နဲ့ တူတယ်။+ ၃၂ မုန်ညင်းစေ့ဟာ မျိုးစေ့တွေထဲမှာ အသေးဆုံးပဲ။ ဒါပေမဲ့ အပင်ပေါက်တဲ့အခါ ဟင်းသီးဟင်းရွက်ပင်တွေထက် ကြီးလာတယ်။ ငှက်တွေ အကိုင်းအခက်မှာ နားခိုနိုင်တဲ့အထိ အပင်ကြီး ဖြစ်လာတယ်။”