-
ယောဟန် ၄:၄၉-၅၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၉ “သခင်၊ ကျွန်တော့်သားငယ် သေရပါတော့မယ်။ မြန်မြန် လာကြည့်ပေးပါဦး” လို့ နန်းတွင်းအရာရှိက အသနားခံတယ်။ ၅၀ ယေရှုက “အိမ်ကိုသာ ပြန်လိုက်ပါ။ ခင်ဗျားရဲ့သား ကျန်းမာလာပြီ”+ ဆိုတော့ ယေရှုစကားကို ယုံကြည်ပြီး သူပြန်သွားတယ်။ ၅၁ လမ်းခုလတ်မှာ သူ့ကျွန်တွေက လာကြိုပြီး သားဖြစ်သူ နေကောင်းသွားပြီဆိုတဲ့အကြောင်း ပြောကြတယ်။
-