ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၁၇:၁-၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • လုကာ ၉:၂၈-၃၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ အဲဒီလိုပြောပြီးတဲ့နောက် ရှစ်ရက်အကြာမှာ ယေရှုဟာ ပေတရု၊ ယောဟန်၊  ယာကုပ်တို့ကို  ခေါ်ပြီး ဆုတောင်းဖို့ တောင်ပေါ်ကို တက်သွားတယ်။+ ၂၉ သူဆုတောင်းနေတုန်းမှာ မျက်နှာက အဆင်းအရောင် ပြောင်းလာတယ်။ အဝတ်ကလည်း ဖြူဖွေးတောက်ပလာတယ်။ ၃၀ ရုတ်တရက်  မောရှေနဲ့ ဧလိယ  ပေါ်လာပြီး ယေရှုနဲ့  စကားပြောတယ်။ ၃၁ သူတို့လည်း ကိုယ်ယောင်ကိုယ်ဝါ တောက်ပနေတယ်။ ဂျေရုဆလင်မြို့မှာ ပြည့်စုံတော့မယ့်  ယေရှုရဲ့  ထွက်ခွာခြင်းအကြောင်း ပြောနေတယ်။+ ၃၂ ပေတရု၊ ယောဟန်နဲ့ ယာကုပ်ကတော့ အိပ်ပျော်နေတယ်။ သူတို့နိုးလာတဲ့အခါ ထွန်းလင်းတောက်ပနေတဲ့+ ယေရှုကိုရော အနားမှာရပ်နေတဲ့ လူနှစ်ယောက်ကိုပါ မြင်တယ်။ ၃၃ အဲဒီလူနှစ်ယောက် ယေရှုဆီကနေ ထွက်သွားမယ့်ဆဲဆဲမှာ ပေတရုက “ဆရာ၊ ကျွန်တော်တို့ ဒီမှာရှိနေရတာ အခွင့်ထူးပါ။ ဒါကြောင့် ဒီမှာ တဲသုံးလုံး ဆောက်ပေးပါရစေ။ ဆရာ့အတွက်တစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံးပေါ့” လို့ပြောတယ်။ တကယ်တော့ ဘာပြောမိမှန်းတောင် သူ့ကိုယ်သူ မသိလိုက်ဘူး။ ၃၄ အဲဒီလိုပြောနေချိန်မှာပဲ တိမ်တိုက် ပေါ်လာပြီး သူတို့အပေါ် အရိပ်ကျလာတယ်။ အဲဒီနောက် တိမ်တိုက် လွှမ်းခြုံသွားတဲ့အခါ သူတို့ကြောက်နေကြတယ်။ ၃၅ အဲဒီအခါ “သူဟာ ငါရွေးချယ်တဲ့ ငါရဲ့ချစ်သားပဲ။+ သူ့စကားကို နားထောင်ကြ”+ ဆိုတဲ့အသံ တိမ်တိုက်ထဲကနေ ထွက်လာတယ်။+ ၃၆ အဲဒီအသံလည်း ထွက်လာရော ယေရှုတစ်ယောက်တည်းပဲ ရှိတော့တယ်။ တပည့်တွေက သူတို့မြင်ခဲ့တာတွေကို အချိန်အတော်ကြာတဲ့အထိ ဘယ်သူ့ကိုမှ အသိမပေးဘဲ နှုတ်ဆိတ်နေကြတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ