-
မဿဲ ၈:၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ညနေပိုင်းမှာ၊ နတ်ဆိုးစွဲသူတွေကို ခေါ်လာကြတဲ့အခါ ယေရှုက နတ်ဆိုးတွေကို အမိန့်တစ်ခွန်းတည်းနဲ့ နှင်ထုတ်တယ်။ ဝေဒနာခံစားနေရသူ အားလုံးကို ကုသပေးတယ်။
-
-
လုကာ ၄:၄၀၊ ၄၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၀ နေဝင်ချိန်ရောက်တဲ့အခါ ရောဂါသည်အမျိုးမျိုးကို ခေါ်လာကြတဲ့အတွက် ယေရှုက တစ်ယောက်စီအပေါ် လက်ကိုတင်ပြီး ကုသပေးတယ်။+ ၄၁ နတ်ဆိုးတွေကလည်း “ခင်ဗျားဟာ ဘုရားသခင်ရဲ့သားပဲ” လို့အော်ဟစ်ပြီး+ သူတို့ဝင်ပူးနေတဲ့ လူတွေထဲကနေ ထွက်လာတယ်။ ဒါပေမဲ့ ယေရှုဟာ ခရစ်တော်ဖြစ်မှန်း နတ်ဆိုးတွေ သိတဲ့အတွက်+ သူတို့ကို စကားတစ်ခွန်းမှ မပြောဖို့ ဆုံးမတယ်။+
-